နက်မှောင်နေသော မင်း ဆံနွယ်
တိတ်တခိုးကြည့်ရင်း မြတ်နိုးမိ
မြတ်နိုးနေမှာ အချိန်တိုင်းပါ။
သွယ်စင်းနေသော မင်းလက်ကလေး
ငါခိုးကြည့်ရင်း ရင်ခုန်မိ
ရင်ခုန်နေမှာ အချိန်တိုင်းပါ။
နားဝင်ချိုသော မင်း ရယ်သံ
နားထောင်ပြီးရင်း နားထောင်ချင်
နားထောင်နေမှာ အချိန်တိုင်းပါ
ရယ်ရွှင်နေပါ ချစ်သူရာ။ …….. ။
မောင်စေတနာ
Advertisement